(၄-၅-၂၀၂၃ ရက်၊ ကော်လ်ကတ္တား)
ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိလပ်မြေများ တင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကော်လ်ကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ပထမဆုံးခရီးစဉ် ပြေးဆွဲခြင်း အထိမ်းအမှတ်အခမ်းအနားကို ၄-၅-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်း၌ ကော်လ်ကတ္တားမြို့၊ Netaji Subhas Dock တွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး တက်ရောက်ခဲ့ပါသည်။ ယင်းအခမ်း အနားသို့ အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Shri Shantanu Thakur ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်း ကြောင်းဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့နှင့် Syama Prasad Mookerjee ဆိပ်ကမ်းတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
စစ်တွေဆိပ်ကမ်းအပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ-မီဇိုရမ်ကားလမ်းများပါဝင်သည့် ကုလားတန်ဘက်စုံစီမံကိန်း တည်ဆောက်ခြင်းလုပ် ငန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများ အတွက် လိုအပ်သည့်ကုန်ပစ္စည်းများကို စစ်တွေမှတစ်ဆင့် ပလက်ဝမြို့ကိုဖြတ်၍ ရေလမ်း ကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကာ အမေရိကန်ဒေါ်လာသန်း (၅၀၀) နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါသည်။



