မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်သည့် တရုတ်နိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ကို စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ကာ ၃၀-၈-၂၀၂၃ ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လိုက်နာရမည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိလာပါက ဆိုက်ရောက်ဗီဇာလျှောက် လွှာအားအခမဲ့ရယူ၍ (၁.၂x၁.၅)လက်မ Colour Photo (၂) ပုံနှင့်အတူ လျှောက်လွှာ ပုံစံ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
(ခ) ဆိုက်ရောက်ဗီဇာအခငွေအား (၁)ဦးလျှင် အမေရိကန်ဒေါ်လာ (၅၀) ကောက်ခံ၍ နေခွင့်ရက် (၃၀) ခွင့်ပြုမည်ဖြစ်ပါသည်။
(ဂ) အလည်အပတ်ဝင်ရောက်ခြင်းအတွက်သာဖြစ်၍ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) တစ်မျိုးတည်းသာ ခွင့်ပြုသွားမည်ဖြစ်ပါသည်။
(ဃ) နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၆) လရှိရမည်ဖြစ်ပြီး (၆) လအောက်ဖြစ် ပါကပြည်ဝင်ခွင့်မပြုဘဲ ခရီးသည်လိုက်ပါလာသည့် လေကြောင်းလိုင်းဖြင့် ပြန်လည် တင်ပို့ခြင်း ခံရမည်ဖြစ်ပါသည်။
(င) နေခွင့်သက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။
(စ) နေထိုင်ခွင့်သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပါ သတ်မှတ်ရက်လွန်ဒဏ်ကြေး အခငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။
(ဆ) မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမည်ဖြစ် ပါသည်။
(ဇ) မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ တားမြစ်ကန့်သတ်ထားသော နယ်မြေမှအပ နိုင်ငံ ခြားသားများ သွားလာခွင့်ရှိသည့် နေရာများကို လွတ်လပ်စွာသွားလာနိုင်သည်။
(စျ) ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ဖြင့် ဝင်ရောက်ရန် ရောက်ရှိလာသူသည် သက်ဆိုင် ရာ လုံခြုံရေးဌာန/အဖွဲ့အစည်းများမှ ခွင့်မပြုလျှင်သော်လည်းကောင်း၊ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန၏ အမည်မည်းစာရင်း (Blacklist) တွင် ပါဝင်ပါက ပြည်ဝင်ခွင့် အား ငြင်းပယ်သွားမည်ဖြစ်ပြီး ခရီးသည်လိုက်ပါလာသည့် လေကြောင်းလိုင်းဖြင့် ပြန်လည်တင်ပို့ခြင်း ခံရမည်ဖြစ်ပါသည်။

(ည) အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသူသည် မည်သည့်အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်များမှမဆို ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်ပါသည်။