အိန္ဒိယနိုင်ငံ၊ အန်ဒမန် နှင့် နီကိုဘာ ၊ ပို့ဘလဲမြို့ ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၄၁) ဦးအား ကော်လ်ကတ္တားမြို့မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း

(၂၅-၈-၂၀၂၅ ရက် ၊ ကော်လ်ကတ္တားမြို့)
အိန္ဒိယနိုင်ငံ၊ အန်ဒမန် နှင့် နီကိုဘာ၊ ပို့ဘလဲမြို့၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုပြီးသော မြန်မာ နိုင်ငံသား (၄၁) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ တာဝန်ရှိသူများမှ ပို့ဘလဲမြို့သို့ သွားရောက်၍ ၎င်းတို့အတွက် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ စိစစ်ထုတ်ပေးခြင်း၊ ၎င်းတို့ထွက်ခွါရန် Exit permit ကိစ္စများအား သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ၂၁-၈-၂၀၂၅ ရက် (ကြာသပတေးနေ့) ဒေသစံတော်ချိန် (၁၈:၃၅) နာရီအချိန်တွင် အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း ပျံသန်းအမှတ် 8M-608 ဖြင့် ကော်လ်ကတ္တားမြို့မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်က ကော်လ်ကတ္တားမြို့ Netaji Subhas Chandra Bose အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၎င်းတို့အား သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြော ကြားခဲ့ကာ လေဆိပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ၎င်းတို့ အဆင်ပြေစွာ ထွက်ခွာနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။