လုပ်ခလစာများ လွယ်ကူစွာ လွှဲပို့နိုင်ပြီ
 
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် မိမိ မိသားစုထံ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခ လစာ ငွေလွှဲနှုန်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ (Remittance Business License – RBL) ကုမ္ပဏီများစာရင်း၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များစာရင်းနှင့် အဆိုပါလုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ချိတ်ဆက်ထားသော နိုင်ငံ တကာမှ ငွေလွှဲနိုင်သည့်အဖွဲ့အစည်းများကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီ ဖြစ်ပါသည်။
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ် များတွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှု့နိုင်ပါသည်။ ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေ ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ် အနေဖြင့် အောက်ပါအတိုင်း ခွင့်ပြုပေးနေပါသည်-
ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) – တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊
ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ – တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ  ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း။
အထက်ဖော်ပြပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/  လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကို လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ပါသည်။ (အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၃၃ နှင့် [email protected] သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။)
လွှဲပို့ငွေများ ဆုံးရှုံးမှု မရှိစေရန်မှာ အရေးကြီးသဖြင့် ဘဏ်များမှတစ်ဆင့် အဆင်ပြေ ချောမွေ့စွာ ပေးပို့နိုင်ပြီ ဖြစ်ပါသည်။