|
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကော်လ်ကတ္တားမြို့ |
ကြေ ညာ ချက်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့အနေဖြင့် အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိစ္စများ၊ ထောက်ခံစာရယူခြင်းကိစ္စများ၊ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်လိုသည့်ကိစ္စရပ်များအပြင် လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကိစ္စရပ်များကိုလည်းကောင်း၊ နိုင်ငံခြားသားများအတွက် ပြည်ဝင်ဗီဇာလျှောက်ထားခြင်း ကိစ္စရပ်များကိုလည်းကောင်း လျင်မြန်ချောမွေ့စွာ အခက်အခဲမရှိ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ထမ်းများ အဂတိလိုက်စားမှုမှ ကင်းရှင်းစေရေးအတွက် “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခွဲ” ကိုဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။
ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့်ပတ်သက်၍ ကောင်စစ်ရေးရာကိစ္စရပ် များအပါအဝင် မိမိတို့ဆောင်ရွက်လိုသည့် ရုံးလုပ်ငန်းဆောင်တာများ လာရောက်ဆောင်ရွက်ရာ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပြီး လာဘ်ပေးလာဘ်ယူကိစ္စများ ဖြစ်ပေါ်နေကြောင်း တွေ့မြင်ကြားသိရခြင်းများရှိပါက တိုင်ကြားသူ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်စသည့် အချက်အလက်များဖော်ပြပြီး အထောက်အထားခိုင်လုံစွာဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ လူ ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း (သို့မဟုတ်) အောက်ဖော်ပြပါ email မှတစ်ဆင့် သော်လည်းကောင်း အသိပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
Address : Consulate General of the Republic of the Union of Myanmar
57 K, Ballygunge Circular Road(Par Matesh Brua Sarani Road)
Kolkata 700019
Phone No: (0091)(33) 2485 1658
Email : [email protected]
ရက်စွဲ၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်


